MNP - ဇန်နဝါရီ ၂၁
မွန်ပြည်နယ်အတွင်း စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေးနှင့် သန့်ရှင်းသာယာ လှပရေးတို့ကို ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန် ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ယနေ့ နံနက်ပိုင်းက မော်လမြိုင် မြို့ မြိုင်သာယာရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ မူလတန်းကျောင်း၀န်းအတွင်းနှင့် ဘေးပတ် ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မီးသပ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ မော်လမြိုင်တက္ကသိုလ်၊ ပညာရေးမှူးရုံး၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအင်အား ၁၀၀ ကျော်မှ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုတို့ကိုကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက်မွန်ပြည်နယ် အတွင်း လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် လူငယ်၊ လူရွယ်များကို အခြေခံပညာအထက်တန်းကျောင်းမှ ဘာသာရပ်များကို လေ့လာသင်ယူခွင့်ရရှိစေရေး ဆောင်ရွက်ပေးထားပါကြောင်း၊ ကျောင်းအင်္ဂါရပ်နှင့်အညီ လိုအပ်သည့် အခြေခံအဆောက်အဦများ ဆောက် လုပ်ခြင်း၊ သင်ထောက်ကူ ပစ္စည်းများထောက်ပံ့ပေးခြင်း၊ ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် သင်တန်းများတက်ရောက် စေခြင်းဖြင့် ဘက် ပေါင်းစုံမှ ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျောင်း၏ သွင်ပြင်လက္ခဏာ ပေါ်လွင်စေရေး ဆောင်ရွက်ကြရန်နှင့် ကျောင်းအကျိုးပြုလုပ်ငန်းများကို အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စည်သူ
https://t.me/MyanmarNationalPost




No comments:
Post a Comment