ကျိုင်းတုံတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် ဈေးရောင်းပွဲတော်ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် ဈေးရောင်းပွဲတော်ပြုလုပ်


MNP ၊ ဇန်နဝါရီ  ၂၁                  

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဈေးရောင်းပွဲတော်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်း တွင် ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

      ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျိုင်းတုံတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး တက္ကသိုလ်အတွက် ထောက်ပံ့ငွေများ အသီးသီး ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံ တက္ကသိုလ်အတွင်း ဌာန ၁၄ ခုမှရောင်းချသော ဈေးရောင်းပွဲတော်အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)