MNP - ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာ အထက-အုန်ချောင်းစာသင်ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ကျောင်းသား၊ ကျောင်းသူများ အချိန်ပိုသင်ကြားနေမှုများကို ယနေ့နံနက်(၉)နာရီက ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ဦးဆောင်၍ ဌာနဆိုင်ရာများမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ လိုက်လံကြည့်ရှုရာတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ စာသင်ကြားရာတွင် လိုအပ်ချက်များရှိပါက ဆောင်ရွက်ပေးနိုင်ရန်မေးမြန်းခြင်း၊ စာသင်ကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ ပိုမိုစိတ်ဝင်စားမှုရှိစေရန် အားပေးစကားများ ပြောကြားခြင်းဖြင့်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး အချိန်ပိုသင်ကြားရာတွင် အထက-အုန်းချောင်း၊ အထက-ရွှေသောင်ယံ၊ အထက-သပေါ့ကန်စသည့် ကျောင်းများမှ အတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ (၂၉)ဦး၊ အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူ (၂၇)ဦး၊ ဆရာ၊ ဆရာမ(၈)ဦးတို့ဖြင့် သင်ကြားလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment