MNP ၊ ဇန်နဝါရီ ၂
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပ ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အဆိုအား ဆန့်ကျင့်ကန့်ကွက်ရှုတ်ချပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ သံလွင်ဥယျာဉ်ပန်းခြံ၌ ဒေသခံပြည်သူ များစုပေါင်း ကျင်းပခဲ့ကြသည်။
ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့သော အဆိုနှင့် ပတ်သက်၍ ဆန္ဒပြကန့်ကွက်သူများက ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ၏ တစ်ဖက်သတ် ဆုံးဖြတ်ချက်များအား ဆန့်ကျင်ကြ၊ မြန်မာ့အရေးကို မြန်မာနိုင်ငံကသာဖြေရှင်းရေး ဒို့အရေး၊ အကြမ်းဖက် အားပေး ပြည်ပနိုင်ငံများအလိုမရှိ၊ အကြမ်းဖက် NUG၊ CRPH၊ PDF အလိုမရှိ၊ မပြစ်မဲ့ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေမှုအား ချက်ချင်းရပ်၊ ရဟန်း သံဃာနှင့် နိုင်ငံ့ဝန်ထမ်းများအား အကြမ်းဖက် သတ်ဖြတ်နေမှုများ ချက်ချင်းရပ် စသည့် ကြွေးကြော် သံများဖြင့် ကြွေးကြော်၍ ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သိရသည်။
ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပ ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အဆိုနှင့် ပတ်သက်၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုသိမ်တို့တွင်လည်း အလားတူ ဆန္ဒပြကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အပါအဝင် နိုင်ငံရေးပါတီ (၂၆)ပါတီကလည်း ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment