ပေါက်တောမြို့တွင် ဝန်ထမ်းများ စာဖတ်စွမ်းရည်မြင့်မားစေရန် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့တွင် ဝန်ထမ်းများ စာဖတ်စွမ်းရည်မြင့်မားစေရန် စာဖတ်ဝိုင်းပြုလုပ်





MNP -    ဇန်နဝါရီ  ၂၄

    ရခိုင်ပြည်နယ်၊ ပေါက်တောာမြို့တွင် ဝန်ထမ်းများစာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရေးနှင့် စာဖတ်သည့်အလေ့အထများရရှိစေပြီး တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတများကို အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေခြင်း၊ ဝန်ထမ်းကျင့်ဝတ်စည်းကမ်းများကိုသိရှိနားလည်စေခြင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်မှုများ ရရှိစေရန် ရည်ရွယ်ပြီး ဝန်ထမ်းများစာဖတ်ဝိုင်းကို ယနေ့ညနေ(၃)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ပြုလုပ်ခဲ့သည်။


    ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ပြည်ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ဝေသော နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်မှ အခန်း(၁၄)ပါ ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာအခြေခံမူများနှင့် အခန်း(၁၅)ပါ ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်မှုများတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


    ဆက်လက်၍ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက အခန်း(၁၆)ပါ ဌာနဆိုင်ရာအရေးယူခြင်းကို လည်းကောင်းဖတ်ကြားခဲ့သည်။ 


ထို့နောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်ဦးစီးမှူးက မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့​သည်။ အဆိုပါ ရုံးဝန်ထမ်းများ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမတွင် တစ်လနှစ်ကြိမ် လစဥ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)