လွိုင်လင်မြို့၊ ရတနာစည်၊ အမှတ် (၂) ကျောင်းပြင်ပပညာရေးကျောင်းတွင် စာဖတ်ရှိန်မြင့်တင်ရေး၊ နယ်လှည့်ဟောပြောပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပြုလုပ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့၊ ရတနာစည်၊ အမှတ် (၂) ကျောင်းပြင်ပပညာရေးကျောင်းတွင် စာဖတ်ရှိန်မြင့်တင်ရေး၊ နယ်လှည့်ဟောပြောပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပြုလုပ်ပေး



MNP  -   ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊  ရတနာစည်၊ အမှတ်(၂) ကျောင်းပြင်ပပညာရေးကျောင်းတွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြင့်တင်ရေးနှင့် နယ်လှည့်ဟောပြောပွဲကျင်းပပြုလုပ်ပေးခဲ့သည်။


အဆိုပါဟောပြောပွဲတွင် ပြန်/ဆက်ဦးစီးဌာနမှ ဒေါ်နန်းနွမ်းခမ်း (ရုပ်သံကျွမ်းကျင်-၃) မှ ကျောင်းနေအရွယ် ခလေးငယ်များအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများလည်းရရှိစေရန် အားလပ်ချိန်တွင် အသိပညာပေးစာအုပ်/ စာစောင်များအား ဖတ်ရှုရန်လိုအပ်ကြောင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်းအရာတို့ကို ဟောပြောပေးခဲ့ကာ ပညာသင်ကြားနေသော သာမဏေများအား အသိပညာပေး စာအုပ်များ ဖတ်ရှုစေခြင်းနှင့် ပြန်လည်ပြောပြစေခြင်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပေးခြင်းတို့ကို ကွင်းဆင်းကာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အယ်မင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)