ယင်းကြားတိုင်းရင်းသားကျောင်းသား/ကျောင်းသူများ နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကြည့်ရှုလေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယင်းကြားတိုင်းရင်းသားကျောင်းသား/ကျောင်းသူများ နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကြည့်ရှုလေ့လာ


MNP  -   ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၅)ကျေးရွာအုပ်စု၊ ကျီးအစ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ယင်းကြားတိုင်းရင်းသား ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက် ၉ နာရီခွဲ က နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင် က ကျောင်းသား/ကျောင်းသူများကို စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် အသိပညာပေးပုံပြင်များကို ပြောကြားခဲ့သည်။


ထိုနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေပြုံးပွင့်အောင်နှင့် ဝန်ထမ်းများက ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကို ရုံးတွင်းနံရံကပ်စာစောင်ပြခန်းတွင် ဆောင်ရွက်ထားသော မူးယစ်ဆေးဝါး အန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ သဘာဝဘေးအန္တရာယ် အကြောင်းသိကောင်းစရာ စသည့် နံရံကပ်စာစောင်များပြသပေးခြင်း၊ ရုံးတွင်းပြခန်းငယ် (Museum) အတွင်းရှိ ယင်းကြားနှင့်ယင်းနက် တိုင်းရင်းသားတို့၏ ရိုးရာဓလေ့မှတ်တမ်းဓာတ်ပုံများ၊ အသုံးအဆောင်ပစ္စည်းများပြသပေးခြင်း၊ ဆေးရောင်များခြယ်ခြင်း၊ စာအုပ်စာစောင်များ ငှားရမ်းပေး၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သူရအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)