မိုင်းရယ်မြို့၌ အထက(ခွဲ)ဟိုယ၏ ပညာရေးစုံညီပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရယ်မြို့၌ အထက(ခွဲ)ဟိုယ၏ ပညာရေးစုံညီပွဲတော် ကျင်းပ






MNP  -  ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အထက(ခွဲ)ဟိုယ၏ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်း ကျောင်းခွဲ(ဟိုယ)တွင် ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ဦးစိုးမင်းအောင်နှင့် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သန်းသန်းမော်တို့က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အထက(ခွဲ)ဟိုယ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဇင်ကျော်က စုံညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။


ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/သူလေးများက ပညာရေးဆိုင်ရာ အဆို၊ အက ပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)