MNP - ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုဲမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့ အ.ထ.က (၁) ကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်
မြင့်မားရေးအတွက် ဆွေးနွေးရာ၌ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဖျာပုံခရိုင်ပညာရေးမှူး ဒေါ်အေးမြင့်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ကဏ္ဍတစ်ခုခြင်းအလိုက် ရှင်းလင်းဆွေးနွေးပြောကြားရာ တက်ရောက်လာကြသောကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၏ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များဖြည့်စွက်မှာကြား ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဒေါ်မာမာလွင်
https://t.me/MyanmarNationalPost



No comments:
Post a Comment