ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ စိုက်ပျိုးရေသင်တန်းဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ စိုက်ပျိုးရေသင်တန်းဆင်းပွဲကျင်းပ


MNP  -  ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ကျေးလက်နေမိဘပြည်သူများ စိုက်ပျိုးရေးကဏ္ဍတွင် နည်းပညာရပ်များ ပိုမိုရရှိစေရန် ရည်ရွယ်၍ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် တောင်ရှည်ကျေးရွာအုပ်စုလယ်ပြင် (နေကြာ-‌ ဆီထွက်သီးနှံ) ကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြု"  စိုက်ပျိုးရေးသင်တန်း " ဆင်းပွဲကို လယ်ပြင်ကျေးရွာ စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပင်းတယမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်မှ အဖွင့်အမှာစကား ပြောကြားပေးပြီး ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်ကျော်မှ သင်တန်းမှ သင်ကြားပေးလိုက်သည့် စိုက်ပျိုးရေး နည်းပညာရပ်အား လက်တွေ့အကောင်အထည်ဖော်အသုံးချ၍ မိဘပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖြစ်ထွန်း ပါစေကြောင်းစသည်ဖြင့် ရှင်းလင်းပြောကြားပေးသည်။


ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကသင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။ အဆိုပါ သင်တန်းအား ဇန်နဝါရီ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ၎င်းသင်တန်းတွင် သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း ၂၀ ဦး တက်ရောက်လေ့လာသင်ယူခဲ့‌ကြောင်း သိရသည်။


အောင်ကိုဦး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)