မိုင်းကိုင်မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းကိုင်မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ




MNP  -  ဇန်နဝါရီ  ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့မနက်ပိုင်းက အ.ထ.က(မိုင်းကိုင်)၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ လက်‌ ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ကို၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းခင်ထွေးရီတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။


ထို့နောက် ပညာရည်ချွန်ဆုပေးပွဲနှင့်ပဒေသာကပွဲကို အ.ထ.က၊ မြတ်သီရိခန်းမ၌ ကျင်းပပြုလုပ်ရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း မိုင်းကိုင်မြို့နယ်မှ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကာယ၊ ဉာဏ၊ ဘက်စုံထူးချွန်ပြိုင်ပွဲမျာတွင် ဆုရရှိခဲ့သော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ‌နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ကျောင်းပေါင်း ၁၂၂ ကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် ‌ဆုရ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ချော

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)