MNP - ဇန်နဝါရီ ၂၀
ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ စာကောင်းပေကောင်း၏ အရသာ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကိုယနေ့ မွန်းလွဲ(၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ရွှေ က စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များ အားရှင်းလင်းပြောကြားပြီးနောက် Youth Club အဖွဲ့ဝင် မောင်းစိုးမင်းအောင် စာအုပ်ပါအကြောင်းအရာများအား ဦးဆောင်ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူများ က အပြန်အလှန်ဆွေးနွေးသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံးအနေဖြင့် စာဖတ်သူတိုးပွား လာစေရန် ၊ ကျောင်းသား၊ကျောင်းသူလူငယ်များအချိန်ကို အကျိုးရှိစွာအသုံးပြုတတ်လာစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိလာသည့် အသိပညာဗဟုတများ ကိုပြန်လည်မျှဝေဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်ရည်ရွယ်ချက်များဖြင့် အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ သို့ ကျောင်းသား၊ကျောင်းသူ(၁၅)ဦးတက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment