MNP - ဇန်နဝါရီ ၂၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းအတွင်း၌ သီတင်းသုံးနေထိုင်တော်မှုကြကုန်သော ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တပညာသာမိ နှင့် သံဃာ တော်များ၊ သာသနာ့နွယ်ဝင်သီလရှင် များ နှင့် ယောဂီများ တရားကျင့်ကြံပွားများအားထုတ်ရာ၌ ဆွမ်းအဆင်ပြေစေရေးအတွက် မြို့ပေါ် ရပ်ကွက်နေ ပြည်သူများမှ ယနေ့ ညနေ ၃ နာရီက အချိန်က ဆွမ်းဆန်စိမ်းလောင်းလှူ ကုသိုလ်ဒါနပြု လောင်းလှူခဲ့ကြောင်းသိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလှူဒါန်းလောင်းလှူရာ ဆရာတော်သံဃာတော်များ၊ သာသနာ့ နွယ်ဝင် သီလရှင်များနှင့် ယောဂီသူတော်စင်များမှ မိမိတို့အိမ်ရှေ့အရောက် မြို့တစ်ပတ်လှည့် လည်၍ ဆွမ်းဆန်တော်အလှူခံလှည့်လည်ရာ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်တပ်၊ မြို့သစ်၊ အောင်မင်္ဂလာ နှင့် ဗန္ဓုလ နေ ကုသိုလ်ရှင်၊ ပါရမီရှင် အလှူရှင်ပြည်သူများက နေ့ဆွမ်းနှင့် အာရုံ ဆွမ်းအဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်များ လှူဒါန်းလောင်း လှူခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment