မာန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ





MNP  -  ဇန်နဝါရီ ၂၀

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ဗလငါးတန် ပြည့်စုံစေရေး၊ အသိပညာဗဟုသုတရရှိ‌စေရေးအတွက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့ နေ့လယ်၁၂ နာရီကမာန်အောင်မြို့ အခြေခံပညာ အထက် တန်းကျောင်း အောင်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


          ရှေးဦးစွာ မာန်အောင် မြို့ အခြေခံပညာအထက်တန်းကျောင်း(ခေတ္တ)ကျောင်းအုပ်ဆရာကြီးဦးယဥ်ထွေးမှအဖွင့်အမှာစကားပြောကြားရာတွင် ယခုလိုလူငယ်စကားဝိုင်းကျင်းပခြင်းသည် လူငယ်များအသိပညာ ပိုမိုတိုးတက် လာစေရန်ဖြစ်ကြောင်း၊ အသိပညာ များဖလှယ်နိုင်စေရန်နှင့် တစ်ဦးနဲ့တစ်ဦး ရင်းနှီးမှုရှိပြီး ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက်ဖြစ်ကြောင်း ပြောကြားသည်။


     ထိုနောက် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး(ကာယ)ဦးညီညီဇော်မှလူငယ်နှင့်ပညာရေးကိုလည်းကောင်း၊မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊မြို့နယ်အားကစားမှူးဦးကိုကိုထွေးမှလူငယ်နှင့်အားကစားအကြောင်းအရာများကိုလည်းကောင်း၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးရန်ငြိမ်းက လူငယ်နှင့်စာပေအကြောင်းကိုလည်းကောင်းဆွေးနွေးကြရာ တက်ရောက်လာသူ ကျောင်းသား/သူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)