MNP - ဇန်နဝါရီ ၂၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ စာကြည့်တိုက်သို့ လာရောက်၍ စာဖတ်သည့် အလေ့အထကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတများကို တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် အပ်နှာဖားထိုးပြိုင်ပွဲနှင့် ပူဖောင်းဖောက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါပြိုင်ပွဲတွင် ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူများကို နှစ်ယောက်တစ်တွဲစီတွဲ၍ အပ်နှာဖားထိုး ပြိုင်ပွဲကိုကျင်းပရာ မောင်ဖြိုးဝေလင်းနှင့် မောင်ကောင်းခန့်လင်းအတွဲမှ (ပထမဆု)ကို လည်းကောင်း၊ မချစ်ဝိုင်းစိန်နှင့်မနှင်းအိစံတို့အတွဲမှ (ဒုတိယဆု)ကိုလည်းကောင်း အသီးသီးရရှိခဲ့ကြသည်။
ဆက်လက်၍ ပူဖောင်းဖောက်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများက နှစ်ယောက်တစ်တွဲစီတွဲ၍ ယှဉ်ပြိုင်ကြရာ မောင်ကောင်းသက်စံနှင့်မောင်လင်းတိုးနိုင်အတွဲမှ (ပထမဆု)ကိုလည်းကောင်း၊ မဆုမြတ်နိုင်နှင့် မဖူးနှင်းဝေအတွဲမှ (ဒုတိယဆု)ကို လည်းကောင်း ရရှိခဲ့ကြသည်။ ထို့နောက် ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ မြို့ဦးစီးမှူးမှ ဆုရရှိသောကျောင်းသား/သူများအား လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment