MNP - ဇန်နဝါရီ ၂၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့(CommunityCentre)ခန်းမတွင် ယနေ့မွန်းလွဲ ၂ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်မြေမီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး(Talk Show)ကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျိန္တလီ နယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးခင်မောင်ညိုက မီးဘေးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ မီးဘေးအန္တရာယ်နှင့်ပတ်သက်ပြီး လိုအပ်သည်များကို ဆောင်ရွက်ထားရှိမှု၊ ပြည်သူများအနေဖြင့် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေးပုံးများအပြင် ရေကန်များတွင် ရေအပြည့် ဖြည့်ထားရန် စသည့်အချက်များကို လိုက်နာဆောင်ရွက်ပေးရန်နှင့် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများစသည့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment