ရွှေပြည်သာမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(တတိယ)အကြိမ် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေပြည်သာမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(တတိယ)အကြိမ် ထိုးနှံပေး


MNP  -  ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်း‌ဒေသကြီး ရွှေပြည်သာမြို့နယ်၌ အခြေခံပညာကျောင်းများရှိ အသက်(၅)မှ(၁၂)နှစ်အထိ ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို (တတိယအကြိမ်)ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် အမှတ်(၁၄)ရပ်ကွက်ရှိ အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/ သူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


‌ကျောင်းသား/ သူများ အဆင်ပြေစွာကာကွယ်ဆေးထိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


‌ရွှေပြည်သာမြို့နယ်တွင် အခြေခံပညာကျောင်း(၈၄)ကျောင်းရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ  ဆရာ/ ဆရာမများအားအဖွဲ့များခွဲကာ အလှည့်ကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


နေမျိုးထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)