MNP - ဇန်နဝါရီ ၂၆
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက် ၈ နာရီအချိန်က လွိုင်ကော်မြို့ပေါ်ရှိ ဘုရားစေတီပုထိုးများတွင် ထုံးသင်္ကန်းများ ကပ်လှူခြင်းနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဌာနဆိုင်ရာများမှ စုပေါင်း၍ကုသိုလ်ပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွိုင်ကော်မြို့၊ မြို့နာမ်စေတီတော်မြတ်ကြီးနှင့် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းရှိ ဘုရားစေတီပုထိုးများ ရောင်တော်ဖွင့်ခြင်း၊ ထုံးသင်္ကန်းကပ်လှူခြင်းနှင့် ဘုရားပန်းများကပ်လှူပူဇော်ခြင်း၊ ဆီမီးခုံများ၊ တန်ဆောင်းများနှင့် ဘုရားစေတီများအတွင်းသန့်ရှင်း သာယာလှပစေရန် ရေသပ္ပာယ်ခြင်း၊ အမှိုက်များရှင်းလင်းခြင်း တို့ဖြင့် ဌာနဆိုင်ရာများမှ စုပေါင်းကုသိုလ်ပြု သန့်ရှင်းရေး ဆောင်ရွက်နေမှုများကိုကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အလားတူ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ ဘောလခဲမြို့၊ ဖားဆောင်းမြို့နှင့် မယ်စဲ့မြို့နယ်များ တွင်လည်း ဘုရားစေတီပုထိုးများ၌ ထုံးသင်္ကန်းများ ကပ်လှူပူဇော်ခြင်း၊ ဘုရားစေတီတော် ပရိဝုဏ်အတွင်း၊ အပြင်နှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment