ဒက္ခိဏသီရိမြို့နယ်တွင် နေကြာသီးနှံအား လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒက္ခိဏသီရိမြို့နယ်တွင် နေကြာသီးနှံအား လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်


MNP  -  ဇန်နဝါရီ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ကျေးရွာအုပ်စု(၈)အုပ်စုတွင် ဆီထွက်သီးနှံနေကြာအား (၃၀၀)ဧက လျာထားပြီး (၃၆၃)ဧက စိုက်ပျိုးထားနိုင်သဖြင့် လျာထားဧကထက် ပိုမိုစိုက်ပျိုးထားနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


စားသုံးဆီဖူလုံစေရေးအတွက် နေကြာသီးနှံ ရေဆင်းစပ်မျိုး(၁)နှင့် ဆင်းရွေကြာ -၂ မျိုးစေ့များအား စိုက်ပျိုးထားပြီး ဆီထွက်သီးနှံများအနက် နေကြာသီးနှံမှာ သီးထပ်သီးညှပ်ပုံစံအမျိုးမျိုးဖြင့် မိုးဆောင်း ရာသီမရွေး၊ မျိုးစေ့ဈေးနှုန်းသက်သာစွာ စိုက်ပျိုးနိုင်သော သီးနှံဖြစ်ပြီး၊ တစ်ဧက ပန်းတိုင်အထွက်နှုန်း တင်း(၅၀)နှင့်အထက် ထွက်ရှိစေရန် အထူးအထွက်တိုး နေကြာမျိုးများဖြင့် မျိုးပြောင်းလဲစိုက်ပျိုးပါက တစ်ဧကမှ ဆီပိဿာ အများဆုံး ၂၀၀ နီးပါးအထိ ရရှိနိုင်သော ဆီထွက်သီးနှံဖြစ်ကြောင်း၊ မြေအမျိုးစားနှင့် မြေပြုပြင်ခြင်း၊ စိုက်ချိန်၊ စိုက်စနစ်၊ စိုက်ကြောင်းအတိမ်အနက်၊ သွင်းအားစု ထည့်သွင်းအသုံးပြုခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ ပိုမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း၊ စနစ်တကျ ရိတ်သိမ်းခြွေလှေ့ခြင်း စသည့် စိုက်ပျိုးရေးနည်းစနစ်ကောင်းများကိုလည်း လိုက်နာစိုက်ပျိုးရန်လိုကြောင်းနှင့် ဒက္ခိဏသီရိမြို့နယ်တွင် နေကြာအထွက်တိုးစံပြကွက်များ၊ နေကြာမျိုးစေ့ထုတ်စိုက်ခင်းများအား တောင်သူများကို လက်တွေ့စိုက်ပျိုး နည်းပညာပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်နိုင်ထံမှ သိရသည်။


အောင်ကို

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)