လောက်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လောက်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) အခမ်းအနားကျင်းပ


MNP   -  ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေး အမှတ်စဉ်(၁/၂၀၂၃) အခမ်းအနားအား ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်များမှ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြသည့်အတွက် မိမိတို့မြို့နယ်၏ လုပ်ငန်းများအောင်မြင်ခဲ့ပါသဖြင့် ယခုလိုဆက်လက်ပူးပေါင်းပြီး လုပ်ငန်းများကို ဆောင်ရွက်ပေးကြပါစေလိုကြောင်း၊ ယခုလက်ရှိဆောင်ရွက်နေသည့် လူဦးရေစာရင်းကောက်ယူမှုလုပ်ငန်းများကို ဌာနဆိုင်ရာများမှ ဝိုင်းဝန်းကူညီပေးကြစေလိုကြောင်းကို ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်မင်းက ပန်းခင်းစီမံချက်(၂)ဖြင့် ဆောင်ရွက်နေသော နိုင်ငံသားစိစစ်ရေးကတ်ပြားများအနက် အချက်အလက်များ မပြည့်စုံသောသူများသာ ကျန်ရှိနေပါသဖြင့် အချက်အလက်ပြည့်စုံအောင် ဆောင်ရွက်ပေးမှသာ နိုင်ငံသား စိစစ်ရေးကတ်ပြားများ အမြန်ရရှိနိုင်မှာဖြစ်ကြောင်း ပြောကြားဆွေးနွေးခဲ့သည်။  ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ တင်ပြဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအတွက် အလှူရှင်များမှ အလှူငွေများလှူဒါန်းကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃)၊ ဒေါ်ချောချောအေးမှ အလှူငွေကျပ်သိန်း (၅၀)ကိုလည်းကောင်း၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊ တပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်လွင်ဦးမှ အလှူငွေကျပ်နှစ်သိန်းကိုလည်းကောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးထွန်းဇော်လှမှ ငွေကျပ်နှစ်သိန်းကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ဦးအောင်ကျော်မိုးမှ ငွေကျပ် တစ်သိန်းကိုလည်းကောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(စက်မှု)မှ ရေသန့် (၂၀) ကတ်ကိုလည်းကောင်း အသီးသီးလှူဒါန်းကြရာ မြို့နယ်ဒုတိယပညာရေးမှူး ဦးထွန်းအောင်ကျော်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ အဖွဲ့ဝင်(၂) ဦးအောင်ဇော်မင်း၊ အဖွဲ့ဝင်(၃) ဒေါ်ချောချောအေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)