MNP - ဇန်နဝါရီ ၂၄
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံ ပညာ အထက် တန်းကျောင်းများတွင် မူးယစ် ဆေးဝါး နှင့် လူကုန်ကူးမှု အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာ ပေး ဟောပြောခြင်းကို ယနေ့ နံနက် ပိုင်းက အဆိုပါကျောင်းခန်းမ တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်းက မူးယစ်ဆေးဝါးပပျောက်ရေး နှင့် မူးယစ် ဆေးဝါး နှင့်ပတ်သတ်၍ ဆိုးကျိုးများ၊ သုံးစွဲတဲ့ အကြောင်းအရင်းများ ၊ မူးယစ်ဆေးဝါးအမျိုးအစားများ ၊ မူးယစ် ဆေးဝါးသုံး စွဲပြီး ရုပ်ပိုင်း ဆိုင်ရာ ၊စိတ်ပိုင်းဆိုင်ရာ ၊လူမှုရေးပိုင်ဆိုင်ရာ ထိခိုက်မှုများ ၊ ပုဒ်မ ၊ ပြစ်မှု ၊ ပြစ်ဒဏ်များ ၊အား အသိပညာပေးဟောပြောပြီး အမှတ်(၁) လူကုန်ကူးမှု တား ဆီး နှိပ်နင်းရေး ရဲ တပ် ဖွဲ့စိတ်(မောင်တော)မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူး စံမင်းက လူကုန်ကူးမှုဖြစ် ပေါ် ရသည့် အကြောင်း အရင်း များ ၊ လူတစ်ဦးသည် အခြားတစ်ဦးကို အဓမ္မ ပြည့်ဆန်တာလုပ်ခိုင်းစေခြင်းများ ၊ အခြားကာမဆိုင်ရာ ကိစ္စ တစ်မျိုးမျိုးပြုလုပ်စေခြင်း ၊ ကျွန်ပြုခြင်း ၊ ကျေး ကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ အမျိုး သမီး များအပေါ် လူကုန်ကူးမှု အခြေအနေများ ၊ တရုတ် နိုင်ငံသို့ ရောင်းစားပြီး တရားမဝင် ပေါင်းသင်းနေထိုင်မှုများ ၊ အမျိုးသားများအား ငါးဖမ်းလှေများတွင် အသုံး ပြုနေမှုများ ၊ မည်သူမဆို အမျိုး သမီးများ ၊ ကလေးသူငယ် နှင့် လူငယ်များအား လူ ကုန်ကူးမှု ကျူးလွန် ကြောင်းပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင် ဒဏ် ၁၀ နှစ်မှ အများ ဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း စသည့် ပြစ်မှှု ၊ ပြစ်ဒဏ် များ ဆောင်ရန် ၊ရှောင်ရန်များ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှု တိုင်ကြား နိုင်ရန်အ တွက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ အရေးပေါ်ဆက်သွယ်ရရှိနိုင် သည့် ဖုန်းနံပါတ် များ အား ပြောကြားကာ လူ မှောင်ခိုကူးမှု နှင့် လူကုန်ကူးမှု အခြေအနေများအား အကျယ် တ ဝင့် ရှင်းလင်းပြော ကြားခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်း နှင့် တပ်ဖွဲ့ ဝင်များ၊ အမှတ်(၁) လူကုန်ကူးမှု တားဆီး နှိပ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မောင်တော)မှ တပ်ဖွဲ့စိတ်မှူး ဒုတိ ယ ရဲမှူး စံမင်း နှင့် တပ်ဖွဲ့ဝင်များ ၊ ကျောင်းအုပ်ကြီး များ ၊ ဆရာ၊ဆရာမများ ၊ကျောင်းသား/ သူများ စုစု ပေါင်း (၁၅၀)ခန့် တက်ရောက်ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေး ခဲ့ကြ ကြောင်း သိရသည်။
သက်လွင်စိုး ၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost



No comments:
Post a Comment