ပဲခူးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ




MNP  -  ဇန်နဝါရီ ၃၁

လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊   အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပ​သော လူငယ်စကားဝိုင်းကို ယ​နေ့ နံနက် ၁၀ နာရီက ပဲခူးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ    အခမ်းအနားတွင်  ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နုက အဖွင့်အမှာစကား ပြောကြားရာတွင်  နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများသည် အသိပညာ၊ အတက်ပညာနှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်လိုအပ်ပါကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံမှသာ နိုင်ငံတာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား/ကျောင်းသူ အချင်းချင်းရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့် ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်​ကြောင်း​ ပြောကြားခဲ့ပြီး ပဲခူးမြို့  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်လဲ့လဲ့မော်က ကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့သည်။


ဆက်လက်၍ လူငယ်စကားဝိုင်းအား စတင်ခဲ့ရာ ဦး​ဆောင်​​ဆွေး​နွေးသူအဖြစ် ပဲခူးခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ​ဒေါ်‌ယဉ်ယဉ်နုက ဦးဆောင်ဆွေးနွေးကာ Grade -11 မှ ကျောင်းသား မောင်ငွေလင်းသူဟန်က “လူငယ်နှင့်စာဖတ်ခြင်း”၊ Grade-11 မှ ကျောင်းသား မောင်နန္ဒာမင်းခန့်က “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး” “Grade-10 မှ ကျောင်းသား မောင်တိုးတက်ဝင်းက  “လူငယ်နှင့်အားကစား”၊ Grade-11 မှ ကျောင်းသူ မစုစန္ဒီအောင်က “လူငယ်နှင့်လူမှုမီဒီယာ”၊ Grade-11 မှ ကျောင်းသူ မမြတ်အိအိသူက “လူငယ်နှင့်စာရိတ္တ”၊ Grade-10 မှ ကျောင်းသူ မမေမြင့်မိုရ်က  “လူငယ်နှင့်မူးယစ်ဆေးဝါး” အစရှိသည့်​ ခေါင်းစဉ်ပါ အ​ကြောင်းအရာများကို​ ဆွေး​နွေးခဲ့ကြသည်။


ထို့နောက်   တက်ရောက်လာကြသည့်    ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ   ကျောင်းသား/ကျောင်းသူ (၆) ဦးက ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်/စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။


အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နု၊ ပဲခူးခရိုင် အားကစားနှင့်ကယာပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဝင်း၊ အမှတ် (၁) အခြေခံပညာအထက်တန်း​ကျောင်းမှ ကြီးကြပ်ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစု‌ပေါင်း(၄၇၀) ဦး တက်ရောက်ကြကြောင်း သိရသည်။


သက်ဖြိုးကြိုင် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)