ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံကြီး၌ “အသက်ထက်မြတ်သော ဂုဏ်သိက္ခာဇာတ်တော်ကြီး” တင်ဆက်ဖျော်ဖြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံကြီး၌ “အသက်ထက်မြတ်သော ဂုဏ်သိက္ခာဇာတ်တော်ကြီး” တင်ဆက်ဖျော်ဖြေ


MNP -  ဇန်နဝါရီ ၁၁

အများပြည်သူများ စိတ်အပန်းပြေစေရန်နှင့် စိတ်ခွန်အားရရှိစေရန်အတွက် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံကြီး၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနက စီစဉ် တင်ဆက်သည့် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ ဇာတ်တော်ကြီး” တင်ဆက် ဖျော်ဖြေ နေမှုကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ကျောင်းသား ကျောင်းသူများ ကြည့်ရှုအားပေးကြသည်။


“အသက်ထက်မြတ်သော ဂုဏ်သိက္ခာ ဇာတ်တော်ကြီး” သည် မြန်မာ့သမိုင်းတွင် ရတု ရေးသားရာ၌ တံခွန်စိုက်ထူခဲ့သည့် တောင်ငူဘုရင်နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ မင်းသမီးတို့၏ အချစ်ဇာတ်ကြောင်း၊ ပဒေသရာဇ်များ၏ အားပြိုင်မှုမှဖြစ်ပေါ်လာသော နိုင်ငံရေး၊ စစ်ရေး၊ အခင်းအကျင်းများကို နောက်ခံလျက် စစ်ရေးစစ်ရာတွင် ရဲစွမ်းသတ္တိရှိသည်သာမက အနုသုခုမပညာတွင်လည်း လက်ရာပြောင်မြောက်သော နတ်သျှင်နောင်သည် မိမိတို့၏ နိုင်ငံအတွင်းပြဿနာကို ဖြေရှင်းရန်ကြိုးပမ်းရာ၌ တိုင်းတစ်ပါးသားကို အကြွင်းမဲ့ယုံစား၍ ပူးပေါင်းဆောင်ရွက်မိသဖြင့် မလှပသောသမိုင်းနိဂုံးဖြင့် ဇာတ်သိမ်းရသည်ကို သမိုင်း တစ်ကွေ့၏ သတိမူစရာ သင်ခန်းစာဖြစ်ရပ်တစ်ခုအနေဖြင့် တင်ဆက်ကပြရခြင်းဖြစ်သည်။ 


ဇာတ်တော်ကြီးအပြီးတွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများကို အဆိုပါ ဇာတ်တော်ကြီးမှ ကိုယ်စီရရှိလိုက်သည့် သင်ခန်းစာယူစရာအချက်များကို မေးမြန်းပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ကြသည်။


ဇန်နဝါရီ ၁၂ ရက်နှင့် ၁၄ ရက် များတွင် အဆိုပါဇာတ်တော်ကြီးကို အများပြည်သူများ၊ နိုင်ငံ့ တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့ အသီးသီးမှ တပ်မတော်သားများနှင့် မိသားစုများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုများကို မွန်းလွဲ ၁ နာရီမှ စ၍ တင်ဆက်ကပြဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။ 


ဆန်းကျော်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)