MNP - ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယမန်နေ့ ညနေပိုင်းက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲစာအုပ် အခန်း (၁)ရှိ ငွေထုတ်သူအရာရှိ၏ တာဝန်ဝတ္တရားများ၊ ကြီးကြပ်အုပ်ချုပ်သူအရာရှိ၏ တာဝန်ဝတ္တရားများ၊ ဝန်ထမ်းများသို့ကြိုတင်ငွေထုတ်ပေးခြင်း လုပ်ငန်းများအကြောင်းကို ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက လစာငွေတောင်းခံလွှာများ ပြင်ဆင်ရေးဆွဲရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် နောက်ဆုံးထုတ်လစာလက်မှတ်(L.P.C) အစရှိသည့် အကြောင်းအရာများကို ဖတ်ရှုခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများမှ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို ငွေစာရင်းထိန်းသိမ်းနည်းအားသိရှိစေရန်နှင့် ကျွမ်းကျင်မှုရှိစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment