ဂွမြို့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်- ၁၉ ရောဂါကွယ်ဆေး( Booster dose)ဆက်လက် ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်- ၁၉ ရောဂါကွယ်ဆေး( Booster dose)ဆက်လက် ထိုးနှံ




MNP  -   ဇန်နဝါရီ     ၁၉

 ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး (Booster dose)(Myancopharm) ထိုးနှံပေးခြင်းကို ဇန်နဝါရီလ (၁၇)ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းများရှိ စုရပ်များတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အ.လ.က(မြို့မ)၊ အ.ထ.က(ကုလားပြင်)နှင့်  အ.ထ.က(တိုင်ကျိုး)စသည့် စုရပ်(၃)ခု၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဆေးထိုးရန်ရောက်ရှိလာသော ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်းတို့ကို ဆောင်ရွက်ပြီး ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြသည်၊၊ထို့နောက် မိနစ် ၃၀ ခန့်အနားယူစေပြီး ကျောင်းသား၊ကျောင်းသူ ကလေးများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့စုရပ်(၃)ခုတွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား  ကျောင်းသား၊ ကျောင်းသူ(၆၁၁)ဦးက ကာကွယ်ဆေးများ လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)