သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ အသက် (၅ နှစ်မှ ၁၂နှစ်အထိ) ကျောင်းသား၊ ကျောင်းသူ (၄၃၆၃) ဦးBooster Sinopharm ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ အသက် (၅ နှစ်မှ ၁၂နှစ်အထိ) ကျောင်းသား၊ ကျောင်းသူ (၄၃၆၃) ဦးBooster Sinopharm ထိုးနှံ


MNP  -   ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အသက် (၅ နှစ်မှ ၁၂နှစ်အထိ) ကျောင်းသား၊ ကျောင်းသူ (၁၉၀၀) ဦး Booster Sinopharm ထိုးနှံနိုင်ခဲ့သည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဌာနမှ အခြေခံပညာကျောင်းပေါင်း (၃၁) ကျောင်းရှိ ဆေးထိုးစုရပ်များတွင် အသက် (၅ နှစ်မှ ၁၂ နှစ်အထိ) ကျောင်းသား၊ ကျောင်းသူ (၁၉၀၀) ဦး၊ (၉၊ ၁၊ ၂၀၂၃) နေ့က ကျောင်းပေါင်း (၁၂) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၈၂၃) ဦး၊ (၁၀၊ ၁၊ ၂၀၂၃) ရက်နေ့က ကျောင်းသား၊ ကျောင်းသူ (၁၆၄၀) ပေါင်း (၄၃၆၃) ဦးတို့ကို Booster Sinopharm ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခဲ့ကြပြီး ကျန်ရှိဝန်ထမ်းများနှင့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူကလေးများအား သတ်မှတ်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မျိုးဇော်သိန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)