ကန်ကြီးထောင့်မြို့ Cheng Sheng (ညောင်ငူ) စက်ရုံ တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြော၊ မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန်ကြီးထောင့်မြို့ Cheng Sheng (ညောင်ငူ) စက်ရုံ တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြော၊ မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြ


MNP -   ဇန်နဝါရီ   ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ အမှတ် (၃) ရပ်ကွက်  ညောင်ငူ   Cheng  Sheng   စက်ရုံ တွင်  မြို့နယ်မီးသတ်ဦးစီးဌာနမှ   မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်စိုး နှင့် ဝန်ထမ်းများက  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်လက်တွေ့မီးငြှိမ်းသတ်ခြင်းသရုပ်ပြပွဲအား  ဇန်နဝါရီလ ၆ ရက်နေ့  နံနက် (၁၀) နာရီအချိန် တွင် ဆောင်ရွတ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင်  မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးက စက်ရုံဝန်ထမ်းများအား  မီးဘေးအန္တရာယ်  ကျရောက် နိုင်သည့်အခြေအနေများ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်မီးလောင်မှုဖြစ်ပွါးလာပါက  ဆောင်ရွတ်သင့်သည့်လုပ်ငန်း စဥ်များအား အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ပြီး  မီးသတ်ဆေးဗူးများဖြင့်လက်တွေ့မီးငြှိမ်းသတ်မှုအား သရုပ်ပြသ ခဲ့ကြသည်။


ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့်  နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့်  လျှပ်စစ်သုံးစွဲကြသော စက်ရုံ၊ အလုပ်ရုံများ၊ ရုံးဌာနများနှင့်ပြည်သူများ၏ နေအိမ်တိုက်တာအဆောက်အဦများ၏ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများဆောင်ရွတ်လျှက်ရှိပြီး မြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ စသည့်ဘာသာသာသနာ အဆောက်အဦများ၏ မီးဘေးအန္တရာယ်မကျရောက်စေရေး လုပ်ငန်း များအား  မြို့နယ်လျှပ် စစ်ဓာတ်အားပေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့်အတူ အရှိန်အဟုန်မြှင့် လိုက်လံစစ်ဆေးဆောင်ရွတ် လျက်ရှိကြောင်း သိရှိရသည်။


မဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)