ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်နှင့် စာပေအနုပညာအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်နှင့် စာပေအနုပညာအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ


MNP  -    ဇန်နဝါရီ ၁၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်နှင့် ဦးရဲမင်းစိုး တရားလွှတ်တော်ရှေ့နေ စာရေးဆရာ မောင်မောက်(ဝတ်လုံ)တို့မှ လူငယ်နှင့်စာပေအနုပညာအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၉ နာရီက ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က လူငယ်လူရွယ်များ၊ ကျောင်းသား/သူများ၊ ပြည်သူများ စာအုပ်စာစောင်ကို တန်ဖိုးထားဖတ်ရှုလိုစိတ်များ ဖြစ်ပေါ်လာစေရန်၊ စာပေ၏ အကျိုးကျေးဇူး ကိုသိရှိနိုင်စေရန်၊ စာပေမြင့်မှ လူမျိုးတင့်မည်ဖြစ်သည့်အတွက် စာပေကို လေးစားမြတ်နိုး တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။


ဆက်လက်၍ ဦးရဲမင်းစိုး တရားလွှတ်တော်ရှေ့နေ စာရေးဆရာ မောင်မောက်(ဝတ်လုံ)က ရုပ်ရှင်အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေပြီး မိမိနိုင်ငံကို တန်ဖိုးထားလေးစားတတ်စေရန်၊ သမိုင်းအကြောင်းအရာများကို သိရှိနားလည်ခံစားတတ်စေရန်၊ စာပေဖတ်ရှုလေ့လာရာမှ အကောင်းနှင့်အဆိုး၊ အမှားနှင့်အမှန်ကို သေချာပိုင်းခြား ဝေဖန်တတ်စေရန်နှင့် အနာဂတ်နိုင်ငံတော်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် လူငယ်လူရွယ်များ စာပေကိုဖတ်ရှုလေ့လာသင့်ကြောင်း  ဆွေးနွေးပြောကြားခဲ့သည်။


အိရွှေစင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)