MNP - ဇန်နဝါရီ ၂၄
ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့၌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နေလည် ၂ နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမြို့နယ်အားကစားမှူး ဒေါ်ဥမ္မာသန်းကလူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များပြောကြားရာလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီးဘက်စုံဖွံဖြိုးတိုးတက်စေရန်၊အားကစားနှင့်စာပေကိုလေ့လာပြီး၊လူငယ်များအချင်းချင်းတစ်ဦးနှင့်တစ်ဦးချစ်ချစ်ခင်ခင်ပေါင်းသင်းဆက်ဆံတတ်စေရန်ပြောကြားပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များရှင်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့်လူတော်လူကောင်းများပေါ်ထွန်းလာပြီး အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့်လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဘူးသီးတောင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊မြို့နယ်အားကစားမှူး ဒေါ်ဥမ္မာသန်းတို့ကဦးဆောင်ဆွေးနွေးကြပြီးအမှတ်( ၂)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူလေးများကလူငယ်နှင့်အားကစား၊လူငယ်နှင့်စာပေ၊လူငယ်နှင့်မှုးယစ်ဆေးဝါး၊လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးစသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက်လူငယ်စကားဝိုင်းသို့တက်ရောက်လာသည့်ကျောင်းသား/ ကျောင်းသူများအားမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအားကစားပစ္စည်းများထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
လှကျော်
https://t.me/MyanmarNationalPost





No comments:
Post a Comment