MNP - ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁နာရီ အချိန်က ဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို အိမ်တွင်းမှု စက်ချုပ်သင်တန်းကျောင်းသူများနှင့် ပြုလုပ်ခဲ့သည်။
အဆိုပါ ပြုလုပ်ရာတွင် ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ် ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက အသိပညာဗဟုသုတကြွယ်ဝစေရန်၊ လိမ္မာရေးခြားရှိစေရန် ရည်ရွယ်၍ တက်ရောက်လာသော အိမ်တွင်းမှုသင်တန်းသူများကို အချိန်ကို အကျိုးရှိစွာ အသုံးချ တတ်စေရန်၊ အားနေချိန်များတွင် စာများများ ဖတ်ရန် ဟောပြောခဲ့သည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်းဇော်ဦးကလည်း စာများများ ဖတ်ဖို့ရန်နှင့် အတွေ့အကြုံကောင်းများ ရရှိစေရန် မှာကြား ဟောပြောခဲ့သည်။ စာဖတ်ဝိုင်းတွင်လည်း တစ်ဦးချင်း ဖတ်ကြား ဆွေးနွေးခဲ့ပြီး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတွင်လည်း အိမ်တွင်းမှုသင်တန်းသူများမှ စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြသည်။
ယင်း ဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို အိမ်တွင်းမှု သင်တန်းကျောင်းမှ ဆရာမ(၄)ဦး၊ သင်တန်းသူ(၁၆)ဦး စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment