MNP ၊ ဇန်နဝါရီ ၁၈
ယမန်နေ့ ည ၆:၀၀ အချိန်က ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြိုနယ်၊ အနန်းဘော်ကျေးရွာရှိ ကိုယ်ထူကိုယ်ထ ထရမ်စဖော်မာအား KNU/ PDF အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးသွားကြောင်းသိရသည်။
KNU အနေဖြင့် NLD အစွန်းရောက်များဖွဲ့စည်းထားသည့် NUG, PDF အကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်း၍ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိပြီး ယမန်နေ့က ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ သပြေညွန့်-မုတ္တိမြောင်-ဇင်းတိုင် ကျေးရွာများသို့ ဆက်သွယ်ထားသည့် ယောက်တဝချောင်းကူးတံတားအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။
#MyanmarNationalPost


No comments:
Post a Comment