MNP - ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၁၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းမှ ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံဖြိုးရန်၊ စဉ်းစားတွေးခေါ်တတ်စေရန် ယနေ့ခေတ်လူငယ်လူရွယ်များ၏ စိတ်ဓာတ်နှင့် စာရိတ္တမဏ္ဏိုင်ကို အကြီးမားဆုံးလှိုက်စား ဖျက်ဆီးနိုင်သည့် မူးယစ်ဆေးဝါးအန္တရာယ်အား သိရှိရှောင်ရှားစေရန်၊ လူငယ်များ မူးယစ်ဆေးဝါးနှင့် ပက်သတ်ပြီး ရှောင်ရှားတိုက်ဖျက်နိုင်ရန်နှင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် မကျရောက်ရန်အတွက် " မူးယစ်ဆေးဝါးအန္တရာယ်တို့ကာကွယ် " ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့ကြောင်းသိရသည်။
စာစီစာကုံးပြိုင်ပွဲသို့ အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆရာ၊ ဆရာမများ၊ စာအုပ်စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာပါသူ လူငယ်လူရွယ်လေးများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲဝင် ဆုရရှိသူများအား ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment