မိုးနဲမြို့နယ်၌ အသက်(၅) နှစ်မှ အသက်(၁၂)နှစ်အောက် ကျောင်းသား/သူလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး First Booster Dose ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ အသက်(၅) နှစ်မှ အသက်(၁၂)နှစ်အောက် ကျောင်းသား/သူလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး First Booster Dose ထိုးနှံ


MNP  -   ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ပုလဲဆောင်ခန်းမနေရာ၌ KG မှ Grade-5 အဆင့် အသက်(၅) နှစ်မှ အသက်(၁၂)နှစ်အောက် ကျောင်းသား/သူလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး First Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၏ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သူနာပြုဆရာမများက ကျောင်းသား/သူလေးများ သက်ရှည်ကျန်းမာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာ‌ပေးခြင်း၊ စာရင်းသွင်းပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို‌ ဆောင်ရွက်ခဲ့ကြပြီး Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်လုံးလျှင် (၅) ယောက်နှုန်းဖြင့်စာရင်းရှိ (၂၅၅)ဦးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မိုးနဲမြို့နယ်အတွင်းရှိ နမ့်မော်ဆွမ့်အခြေခံပညာ အလယ်တန်းကျောင်းနှင့် နားခံအခြေခံပညာ အထက်တန်းကျောင်း (ခွဲ)များ၌ပါ ဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တပ်မတော်သားဆရာဝန်များ၊ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပါ လာရောက်ပူးပေါင်း‌ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)