KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကော့ကရိတ်-မြဝတီ သွား အာရှလမ်းမကြီးပေါ်၌ ခရီးသွားပြည်သူများထံမှ ဖုန်းများနှင့် ငွေများအား အတင်းအဓမ္မ လုယက်ယူဆောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကော့ကရိတ်-မြဝတီ သွား အာရှလမ်းမကြီးပေါ်၌ ခရီးသွားပြည်သူများထံမှ ဖုန်းများနှင့် ငွေများအား အတင်းအဓမ္မ လုယက်ယူဆောင်




MNP ၊ ဇန်နဝါရီလ ၁၂

NUG ၊ CRPH အဖွဲ့၏ လက်ဝေခံဖြစ်သော PDF အမည်ခံ အကြမ်းဖက်သမားများ အနေဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်နှင့် ကိုယ်ကျိုးစီးပွားတွင် အသုံးပြုရန်အတွက် ပြည်သူလူထုထံမှ အတင်းအဓမ္မ ဆက်ကြေး ကောက်ခံခြင်း၊ ခရီးသွား မော်တော်ယာဉ်များအား လက်နက်ကိုင်ဆောင်၍ ဓားပြတိုက်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။


ထိုသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့ဘက်မှ မြဝတီမြို့ဘက်သို့  ယာဉ်မောင်း ဦးသန့်ဇင်(ဘ)ဦးမြင့်စိန်  မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဦးသန့်ဇင်ဖြိုးနှင့်အတူ ခရီးသည် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၅ ဦးတို့ လိုက်ပါလာသည့် ရွှေလရောင်မှန်လုံယာဉ်အမှတ်၊ MDY 3I/------- (အပြာရောင်)သည် ယမန်နေ့နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ တံတန်ကူးကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၅၅၀၀ ခန့်အကွာနေရာသို့ ရောက်ရှိစဉ် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများက ကားလမ်းမ၏ အရှေ့တောင်ဘက်မှ ရောက်ရှိလာကာ မော်တော်ယာဉ်အား ရပ်တန့်စေပြီး ခရီးသည်များ ထံမှ ဖုန်း ၁၈ လုံးနှင့် ငွေကျပ်သိန်း ၅၀ ခန့်တို့အား လုယက်ယူဆောင်သွားကာ ယာဉ်များ သွားလာမှုရပ်တန့်စေရန်  မော်တော်ယာဉ်၏ အရှေ့ဘက် မီတာ ၃၀ ခန့်အကွာ အာရှလမ်းမကြီးပေါ်၌ ဒေသန္တ လက်လုပ်မိုင်း ၁ လုံး  ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ကားလမ်း၏ အရှေ့တောင်ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။


အဆိုပါ မိုင်းဖောက်ခွဲခဲ့မှုကြောင့် ခရီးသည်များနှင့် ယာဉ်မောင်း၊ ယာဉ်နောက် လိုက်တို့တွင် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ မော်တော်ယာဉ်၏ ဘယ်ဘက်လေကာ မှန်တံခါး ၁ ချက် မိုင်းစ ထိမှန်ပျက်စီးခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့်  ကားလမ်းမပေါ် တွင် အကျယ် ၄ ပေ၊ အနက် ၁ ပေခန့် ချိုင့်ဝင်ပျက်စီးခဲ့ကြောင်း သိရှိရပြီး  ဖြစ်စဉ်နေရာတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


 https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)