MNP - ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ စာအုပ်စာစောင်များ အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ်ပိုင်းက Mobile Library ကွင်းဆင်း ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်နိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများအတွက် အပတ်စဉ် Mobile Library ကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်
https://t.me/MyanmarNationalPost

No comments:
Post a Comment