မြန်မာနိုင်ငံ MSME လုပ်ငန်းများ၏ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ MSME လုပ်ငန်းများ၏ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကျင်းပ


MNP  -   ဇန်နဝါရီ ၂၀

မြန်မာနိုင်ငံ MSME လုပ်ငန်းများ၏ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ စက်မှုဝန်ကြီးဌာနမှ အရာထမ်းများတက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများအမှန်တကယ်လိုအပ်ပြီး လုပ်ငန်းခွင်အတွက်လည်း ထိရောက်အကျိုးရှိစေမည့် သင်တန်းများပို့ချပေးနိုင်ရန် ရှေ့ပြေးအစီအစဉ်အနေဖြင့် “MSME လုပ်ငန်းများအတွက် စီးပွားရေးဖွံ့ဖြိုးမှုအခြေခံ” ကို ကိုးကားအခြေခံ၍ ယခု MSME အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ စီးပွားရေးဖွံ့ဖြိုးမှု စွမ်းဆောင်ရည်ဆိုင်ရာ လိုအပ်ချက်ကို ဆန်းစစ်လိုခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ MSME လုပ်ငန်းများ၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အခြေ ခံထားပြီး စီးပွားရေးလုပ်ငန်းများအတွက် အောင်မြင်ရေးလမ်းညွှန်အဖြစ်ပြသထားသည့် MSME လုပ်ငန်းများအတွက် လက်တွေ့အသုံးချနိုင်မှုကိုအခြေခံ၍ အရာထမ်းများက ဦးဆောင်ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် အရာထမ်းများကလည်း အပြန်အလှန်ဆွေးနွေး၍ စက်မှုဝန်ကြီးဌာနရှိ စီးပွားရေးဆိုင်ရာအဖွဲ့အစည်းများ၏ ဝန်ထမ်းများအတွက် လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးကြစေလိုကြောင်း၊ ယနေ့ဆွေးနွေးမှုအကြောင်းအရာအပေါ် တက်ရောက်လာသူများက မည်မျှနားလည်သဘောပေါက်သည်ကို ဆန်းစစ်သည့်အနေဖြင့် ဆန်းစစ်ချက်များကို ဖြေဆိုရမည်ဖြစ်ကြောင်း။


ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များတိုးတက်မြင့်မားစေရေးအတွက် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အသိပညာမျှဝေရေးဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်ကမ္ဘာကြီးတွင် စဉ်ဆက်မပြတ် လေ့လာသင်ယူရေးပုံစံဖြင့် သွားနေသည့်အချိန်၌ အခွင့်အရေးရရှိချိန် အားသွန်ခွန်စိုက် ကြိုးစားကြစေလိုကြောင်း၊ မိမိတို့ဆောင်ရွက်ရသည့် လုပ်ငန်းအပေါ်တွင် စွမ်းဆောင်ရည်ပြည့်ဝစွာ လုပ်ဆောင်ကြစေလိုကြောင်း၊ “မျိုးမှန်ရင်ပင်သန်မည်” ဆိုသည့်စကားအတိုင်း စေတနာမှန်လျှင် ကောင်းကျိုးချမ်းသာကို မလွဲဧကန်ရမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲမှဆွေးနွေးပြောကြားမှုများအပေါ် စိတ်ဝင်တစားဖြင့် လေ့လာမှတ်သားပြီး လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးပြုနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။


အစီအစဉ်အရ လက်ထောက်မန်နေဂျာ ဒေါ်ဆွေယုလှိုင်က “အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အောင်မြင်ရေး အကြောင်းတရားများ၊ MSME ဈေးကွက်နှင့် ပြင်ပဝန်းကျင်/ ပြင်ပအခြေအနေ”များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးနေလွင်ထွဋ်က “လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်းနှင့် MSME လုပ်ငန်းတစ်ခုကို စီမံခန့်ခွဲခြင်း”နှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယ အထွေထွေမန်နေဂျာ ဒေါက်တာစိုးမင်းခိုင်က “လုပ်ငန်းစီမံကိန်းအားအသေးစိတ်ရေးဆွဲရာတွင် လုပ်ဆောင်ရမည့်နည်းလမ်းများ” နှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်က “စီးပွားရေးလုပ်ငန်းများအတွက် အောင်မြင်ရေးလမ်းညွှန်” နှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးရှုထောင့်မှ လည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားရာ တက်ရောက်လာသည့် အရာထမ်းများက မရှင်းလင်းသည့် အချက်များနှင့် သိရှိလိုသည်များကိုမေးမြန်းရာ ဆွေးနွေးသည့်အရာထမ်းများက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် အသေးစိတ်ပြန်လည်ရှင်းလင်းဖြေကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)