အသက် ၁၂ နှစ်အောက် ​ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Myancopharn ထိုးနှံခြင်းလုပ်ငန်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အသက် ၁၂ နှစ်အောက် ​ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Myancopharn ထိုးနှံခြင်းလုပ်ငန်းများဆောင်ရွက်


MNP  -  ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင်  ယမန်နေ့နံနက် ၉ နာရီအချိန်၌ မြို့နယ်ကျန်းမာရေးဌာနက အသက် ၁၂ နှစ်အောက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Myancopharm ကို ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။


ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Myancopharm ကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးနောက် ၅ လပြည့်သည့် အသက် ၁၂ နှစ်အောက် ကျောင်းသားကလေးငယ်များကို ​​ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူ ၆၅၀ ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။


မြို့နယ်ကျန်းမာရေးဌာနက ကာကွယ်ဆေး Myancopharm ထိုးနှံခြင်းလုပ်ငန်းများကို ၁၇-၁-၂၀၂၃ ရက်နေ့တွင် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းနှင့် ၁၈-၁-၂၀၂၃ ရက်နေ့တွင် အမှတ်(၂၇)အခြေခံပညာမူလတန်းကျောင်းများ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)