မရမ်းကုန်းမြို့နယ်တွင် အပြစ်မဲ့ ပြည်သူ ၂ဦးအား NUG သြဇာခံ PDF အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မရမ်းကုန်းမြို့နယ်တွင် အပြစ်မဲ့ ပြည်သူ ၂ဦးအား NUG သြဇာခံ PDF အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်




MNP ၊ ဇန်နဝါရီ ၂၅

ယနေ့ နံနက်ကိုင်း က ရန်ကုန်မြို့၊ မရမ်းကုန်မြို့နယ်၊ အမှတ် ၁ ရပ်ကွက်နေ အပြစ်မဲ့ ပြည်သူ ၂ဦးအား NUG သြဇာခံ PDF အကြမ်းဖက်သမားများက ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်၊အမှတ်(၁)ရပ်ကွက်၊ (၂)လမ်းသွယ်(၂)လမ်းပစ်ခတ်မှု ဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှသွားရောက်စစ်ဆေးရာ အသက်(၄၅)နှစ်ခန့်ရှိ ဦးကျော်မင်းသန်းနှင့် ဒေါ်နော်စောမွန်မြတ် (ဘ)စောကျော်ထွေး (အရောင်းအဝယ်လုပ်ကိုင်သူ၊ အရပ်သားပြည်သူ) (၂)ဦးအား  NUG သြဇာခံ PDF အကြမ်းဖက်သမားများက ရစ်စက်စွာ သတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။

PDF အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် နော်စောမွန်မြတ် တွင် ဦးခေါင်းပေါက်ထွက်ဒဏ်ရာ(၁)ချက်နှင့် ရင်ဘက်ဖောက်ဝင်တစ်ချက်၊ ဦးကျော်မင်းသန်း တွင် ဦးခေါင်းပေါက်ထွက်ဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး နေရာတွင်သေဆုံးခဲ့ကြောင်း၊  သေဆုံးသူအလောင်းအား မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။


#MyanmarNationalPost

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်နေသည်။ အကြမ်းဖက်အဖွဲ့များအား အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ထောက်ပံ့ပေးနေသည်။ PDF အကြမ်းဖက်သမားများ အလိုမရှိ။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)