ပုဂံမြို့ဟောင်း အာနန္ဒာဘုရားအနီး ဖမ်းဆီးရမိခဲ့သော လက်နက်များမှာ မုံရွာ PDF အမှတ်(၂၅) သံမဏိတပ်ရင်း အကြမ်းဖက်အဖွဲ့က မှာယူထားသည့် လက်နက်များ ဖြစ်ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံမြို့ဟောင်း အာနန္ဒာဘုရားအနီး ဖမ်းဆီးရမိခဲ့သော လက်နက်များမှာ မုံရွာ PDF အမှတ်(၂၅) သံမဏိတပ်ရင်း အကြမ်းဖက်အဖွဲ့က မှာယူထားသည့် လက်နက်များ ဖြစ်ကြောင်း သိရ


MNP ၊ ဇန်နဝါရီလ ၂၉

ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း အာနန္ဒာဘုရားအနီးတွင် Light Truck ကား ဝမ်းဗိုက်တွင် အံဖုံးဖြင့် သိုဝှက်သယ်ဆောင်လာသော လက်နက်များကို ၂၇-၁-၂၀၂၃ ရက်နေ့ ညပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ရာ အဆိုပါ လက်နက်များမှာ မုံရွာ PDF အမှတ်(၂၅) သံမဏိတပ်ရင်း အကြမ်းဖက်အဖွဲ့က မှာယူထားသည့် လက်နက်များ ဖြစ်ကြောင်း သိရသည်။

လက်နက်များ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ၆၀မမ ကွန်မန်ဒို စိန်ပြောင်း၂လက်၊ ၄၀ မမ နှစ်လက်၊ M4 A4 နှစ်လက်၊ AK47 သုံးလက်အပါအဝင် အခြား ဆက်စပ်ခဲယမ်းများ ပါဝင်ပြီး သိန်း ၄၀၀၀ ဖိုးခန့် ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိစဉ်က ပခုက္ကူသို့ ပို့ဆောင်မည့် လက်နက်များဖြစ်ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)