MNP ၊ ဇန်နဝါရီ ၂၉
NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း က တစ်ပေ ကျပ် ၂၀၀၀ နှင့် ကျပ် ၄၈၀၀ ဖြင့် ချပေးခဲ့သည့် YP စက်သုံးဆီဆိုင်၏ မြေကွက် ၆ ကွက်၊ ဧကပေါင်း ၇၅ ဧကကျော်ကို ဂရန်ပြန်လည်ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ကြော်ငြာထားသည်။
Yangon Petrol (YP) ကုမ္ပဏီအား ချထားပေးခဲ့သည့် မြေကွက်များဖြစ်သည့် မရမ်းကုန်းမြို့နယ်အတွင်းရှိ မြေကွက်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ မြေကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြေတိုင်းရပ်ကွက် (၆၂)ရှိ မြေကွက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ မြေကွက်၊ ဒဂုံမြို့သစ်(တောင်းပိုင်း)မြို့နယ် မြေတိုင်းရပ်ကွက် (၁၇)ရှိ မြေကွက်၊ ဒလမြို့နယ်ရှိ မြေကွက်များကို နှစ်(၆၀) မြေငှားစာချုပ် (ဂရန်)များအား လုပ်ထုံးလုပ်နည်းနှင့်အညီ ပယ်ဖျက်ပြီး ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က ထုတ်ပြန်ကြော်ငြာထားခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment