MNP ၊ ဇန်နဝါရီလ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြိုနယ် မူးသာကုန်းကျေးရွာအနီး မူးမြစ်ကမ်းဘေးတွင် လုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိရာ ယမန်နေ့ နံနက် ၆ နာရီခန့်တွင် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပေါ်ခဲ့ပြီး PDF အကြမ်းဖက်စခန်းကို ရှင်းလင်းဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။
လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များအား PDF အကြမ်းဖက်သမားများက လာရောက် ချောင်းမြောင်းပစ်ခတ် သဖြင့် ပြန်လည်ပစ်ခတ်ရှင်းလင်းရာ အကြမ်းဖက်သမားများ ဆုတ်ခွါထွက်ပြေးရာနောက်သို့ လိုက်ပါရင်းလင်းရာမှ PDF အကြမ်းဖက်စခန်း ပြုလုပ်ထားသည့် တဲ ၃ လုံး၊ ကုတင် ၃ လုံး၊ တန်းလျား ၅ ခု၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ်တစ်တောင့်ထိုး ၁ လက်၊ ဘတ္ထရီအိုး ၁ လုံး၊ ရေပုံး ၄ ပုံး၊ ကြိုးပုခတ် ၁ ခု၊ ပြောက်ကျားအင်္ကျီ ၃ ထည်၊ မီးကြိုး ၁ ခွေ၊ သံပိုက် ၃ လုံး၊ ဘောစေ့ ၁၀၀ လုံး၊ ဒရုန်း သေတ္တာ ၁ လုံး၊ သံတိုသံစ ၁ အိတ်၊ ဗုံးခိုကျင်း ၂ ခု၊ ဘန်ကာ ၂ ခု တိုအား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်နေသည်။ အကြမ်းဖက်အဖွဲ့များအား အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ထောက်ပံ့ပေးနေသည်။ PDF အကြမ်းဖက်သမားများ အလိုမရှိ။)
No comments:
Post a Comment