သာကေတမြို့နယ်၊ ၉ရပ်ကွက်အတွင်းရှိ ကောင်းကောင်းလက်ဖက်ရည်ဆိုင်အတွင်း PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ရာ ၁ဦး သေဆုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

သာကေတမြို့နယ်၊ ၉ရပ်ကွက်အတွင်းရှိ ကောင်းကောင်းလက်ဖက်ရည်ဆိုင်အတွင်း PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ရာ ၁ဦး သေဆုံး




MNP ၊ ဇန်နဝါရီ ၂၁

ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ၉ ရပ်ကွက်၊ ရတနာပုံလမ်းနှင့် နဝရတ်လမ်း ထောင့် ရှိ “ကောင်းကောင်း” လက်ဘက်ရည်ဆိုင်အတွင်း ယနေ့ည ၈ နာရီ ဝန်းကျင်အချိန် PDF အကြမ်းဖက်သမားက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ရာ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ရဲလင်းအောင် (ခ) ဝက်ကြီးသည် ကောင်းကောင်းလက်ဘက်ရည်ဆိုင် တွင် ဘောလုံးပွဲကြည့်ရှုနေစဉ် ရတနာပုံ ၅ လမ်းအတိုင်း မောင်းနှင်လာသော ဆိုင်ကယ်(၁)စီးဖြင့် အကြမ်းဖက်သမား ၂ဦးက လက်ဘက်ရည်ဆိုင်ရှေ့တွင် ဆိုင်ကယ်အား ရပ်၍ ဆိုင်အတွင်း  သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲလင်းအောင်(ခ) ဝက်ကြီး၌ ဦးခေါင်းထိမှန်ဒဏ်ရာ(စိစစ်ဆဲ) ထိမှန်သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ ရဲလင်းအောင်(ခ) ဝက်ကြီး အား သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ထားပြီး ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှ THAI ARMS ကျည်ခွံ (၂)ခု တွေ့ရှိခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်နေသည်။ အကြမ်းဖက်အဖွဲ့များအား အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ထောက်ပံ့ပေးနေသည်။ PDF အကြမ်းဖက်သမားများ အလိုမရှိ။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)