ပြည်ဖျက်မိစ္ဆာတို့၏ တကျော့ပြန် R2P မျှော်လင့်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ဖျက်မိစ္ဆာတို့၏ တကျော့ပြန် R2P မျှော်လင့်ချက်



ပြည်ဖျက်မီဒီယာတစ်ခုဖြစ်တဲ့ The Irrawaddy (ဧရာဝတီသတင်းဌာန) မှာ "R2P အခြေခံမူဖြင့် မြန်မာ့အရေး ဖြေရှင်းပေးရန် ကုလကို တိုက်တွန်း" ဆိုတဲ့ သတင်းတစ်ပုဒ်ကို တွေ့ရပါတယ်။ NLD ဦးဆောင်သော တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာအုပ်စု အနေနဲ့ R2P နဲ့ အကူအညီ ရဖို့ မျှော်လင့်နေတာ ကြာပါပြီ။ နိုင်ငံရေးလုပ်စားသူများနဲ့ ပြည်ဖျက်မီဒီယာများဟာ USက ကူညီတော့မှာလိုလို၊ R2P ပဲ နေ့ချင်းညချင်း ရောက်လတော့မှာလိုလိုနဲ့ မျှော်လင့်ချက်တွေပေးပြီး နီပိန်းလေးတွေကို လမ်းပေါ်တွန်းတင်ခဲ့ကြခြင်း ဖြစ်ပါတယ်။


ကုလသမဂ္ဂမှာ R2P အခြေခံမူနဲ့အညီ အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းသူက လက်သုံးချောင်ထောင် အကြမ်းဖက်အဖွဲ့ဝင် ကျော်မိုးထွန်းပဲ ဖြစ်နေတာကို ပြည်ဖျက်မီဒီယာရဲ့ ဖော်ပြချက်မှာ "မြန်မာနိုင်ငံအရေးကိစ္စ နှင့် မြန်မာစစ်တပ်အား ၎င်းတို့ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ကုလသမဂ္ဂ အနေဖြင့် R2P (Responsibility to Protect) အခြေခံမူသဘောတရားကိုစွဲကိုင်ကာ အရေးယူ ဆောင်ရွက်ရမည့်အချိန်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။ " လို့ သိရပါတယ်။


နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့ကပြုလုပ်သော  စီးပွားရေးနှင့် လူမှုရေးကောင်စီတွင် “လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတို့အား ကြိုတင်ကာကွယ်နိုင်မည့် လူမှုရေးနှင့် စီးပွားရေးလုပ်ဆောင်ချက်များ” ခေါင်းစဉ်ဖြင့် အထူးအစည်းအဝေး၌ ၎င်းက မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။


ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေအနေနဲ့ အမေရိကန်ရဲ့ အကူအညီ၊ R2P ရဲ့ အကူအညီရဖို့ ကြိုးပမ်းမှုတွေဟာ မြန်မာစကားပုံအတိုင်း ပြောရရင် ဆင်လီး ဆိတ်မျှော် ရူးသွပ်မှုသာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဆူပူဆန္ဒပြမှုတွေ အရှိန်အဟုန်မြှင် ဆောင်ရွက်နေတဲ့အချိန်မှာ နီပိန်းတွေဟာ ဆန္ဒပြအင်အားစုတွေကို အမေရိကန်သံရုံးရှေ့ တွန်းလွှတ်ပြီး အမေရိကန်ရဲ့ အကူအညီ၊ R2P အကူအညီရဖို့ အရေးဆိုခဲ့ကြပါတယ်။ ပြည်ပြေး ဝရမ်းပြေး တစ်ဦးဖြစ်တဲ့ မင်းကိုနိုင်ဟာ ဆိုရင် R2P က မနက်ဖန်လာတော့မှာလိုလို၊ တစ်ပတ်အတွင်း လာတော့မှာလိုလို အရှိန်အဟုန်မပြတ် ဆူပူဆန္ဒပြမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းရင်း သူကတော့ အမေရိကန်ကို ထွက်ပြေး ရောက်ရှိသွားပါတယ်။ ဆန္ဒပြ လူငယ်တွေမှာ သူတို့မျှော်လင့်ချက်ပေးခဲ့တာတွေကို အဟုတ်တကယ် ယုံစားပြီး လမ်းပေါ်ထွက် ဆူပူရင်းက စိတ်ဓာတ်ကျလာကြပါတယ်။ တပ်မတော်ကို ဆန့်ကျင်တဲ့ ဆိုင်းဘုတ်တွေ နေရာမှာ "ခင်ဗျားတို့ ပြောတဲ့ R2P လာဖို့ ကျုပ်တို့ ဘယ်လောက်ထပ်သေပေးရအုံးမလဲ" ဆိုတဲ့ ဆိုင်းဘုတ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။


သန္ဓေယုတ်တဲ့ ကျော်မိုးထွန်းရဲ့ စကားကို ပြတ်ပြတ်သားသား တုန့်ပြန်ရရင်တော့ ယနေ့အချိန်မှာ မြန်မာနိုင်ငံအတွင်း လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတာကတော့ NLD ဦးဆောင်သူများ ဖွဲ့စည်းထားတဲ့ CRPH, NUG တို့ရဲ့ သြဇာခံ PDF အကြမ်းဖက်သမားများနှင့် ပူပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ KIA, KNU, KNLA, KKO, KNPP, CDF အစရှိတဲ့ အဖွဲ့တွေလည်း ပါဝင်နေပါတယ်။ နေ့စဉ် မြန်မာနိုင်ငံအတွင်းမှာ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေကို သတ်ဖြတ်နေပါတယ်။ ၂၅-၁-၂၀၂၃ ရက်နေ့ကပဲ ရွှေဘိုမြို့နယ်ထဲမှာ ပဲနှုတ်နေတဲ့ တောင်သူ (၉) ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်လိုက်ကြပါတယ်။ ကန့်ဘလူမြို့နယ်အတွင်းမှာ မိသားတစ်စုလုံး (မိသားစု ၈ဦး)လုံး KIA/PDF အကြမ်းဖက်သမားတွေက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြပါတယ်။ အလားတူ ပေါက်မြို့နယ်ထဲမှာလည်း တိုက်ပွဲဖြစ်နေလို့ ဘုရားပရဝုဏ်အတွင်းမှာ ပုန်းရှောင်နေတဲ့ မိသားစု (၇) ဦး ကို ဖမ်းခေါ်သွားပြီး ရက်စက်ယုတ်မာ ရိုင်းစိုင်းစွာ လမ်းပေါ်မှာ ပစ်သတ်ထားခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါတယ်။ ကျော်မိုးထွန်း ရေ ကုလသမဂ္ဂမှာ တိုင်းပြည်ကို ကိုယ်စားမပြုဘဲ အကြမ်းဖက်အဖွဲ့ကို ကိုယ်စားပြုပြီး ရပ်တည်နေတာ ရှက်ဖို့ကောင်းလွန်းတယ်။ 


R2P – Responsibility to Protect ၏ အခြေခံသဘောတရားတွေထဲမှာ နိုင်ငံသူ၊ နိုင်ငံသားများကို ကာကွယ်ရမည့် တာဝန်ကို ဒေသခံအစိုးရက ပျက်ကွက်နေသည့်အခါတွင် နိုင်ငံတကာအသိုက်အဝန်းမှ ဝင်ရောက်စွက်ဖက်ရန် တာဝန်ရှိတယ်ဆိုတဲ့ အချက်ကို ကိုင်စွဲပြီး နိုင်ငံရေးလုပ်စားသူ ပြည်ပြေး ဝရမ်းပြေးတွေ နဲ့ ပြည်ဖျက်မီဒီယာတွေက R2P ကို မျှော်လင့်နေကြခြင်း ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က နိုင်ငံသားများကို ကာကွယ်ရမယ့် တာဝန်ကို မပျက်ကွက်ခဲ့ပါဘူး။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ လှုံ့ဆော်မှုကြောင့် စစ်သွေးကြွနေတဲ့ နီပိန်း အကြမ်းဖက်သမားများအပေါ်မှာတောင် ငဲ့ညှာထောက်ထားပြီး အပြည့်အဝ အကာအကွယ်ပေးနေတာကို တွေ့ရပါတယ်။ သို့သော် စစ်သွေးကြွ နီပိန်း အကြမ်းဖက်သမားတွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ပစ်မှတ်ထားပြီး ရက်စက်ယုတ်မာနေတဲ့ လုပ်ရပ်တွေကိုတော့ အကြမ်းဖက်နှိမ်နင်းရေးဥပဒေနဲ့အညီ ဆောင်ရွက်ရတဲ့ အပိုင်းတွေ ရှိလာပါတယ်။


အကြမ်းဖက်အဖွဲ့ကို ကိုယ်စားပြုတဲ့ ကျော်မိုးထွန်း က မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံအရ စစ်တပ်မှ အကျိုးခံစားနေသော ပြစ်ဒဏ်ခတ်မှု မခံရခြင်းကို အပြီးတိုင်ရပ်တန့်ခြင်းနှင့် စစ်တပ်အား စစ်မှန်စွာ ရွေးကောက်တင်မြှောက်ခံရသည့် အစိုးရအောက်တွင် ပြည့်ပြည့်ဝဝထားရှိခြင်းကသာလျှင် ပြည်သူများအား  ရက်စက်ကြမ်းကြုတ်မှုများ၏ အန္တရာယ်မှ ကာကွယ်နိုင်မည့် နည်းလမ်းတစ်ခု ဖြစ်ကြောင်း ၊ အထူးသဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အား ချုပ်ငြိမ်းစေခြင်းက အလွန်အရေးပါအရာရောက်ကြောင်း ခွေးပါးစပ်က နတ်စကားထွက် ပြောဆိုခဲ့တယ်လို့ ပြည်ဖျက်မီဒီယာရဲ့ ဖော်ပြချက်မှာ တွေ့ရပါတယ်။

ယနေ့ မြန်မာနိုင်ငံအတွင်းမှာ ပြည်သူအများ ရင်ဆိုင်နေရတဲ့ ပြဿနာက စစ်အာဏာရှင်က ရက်စက်ယုတ်မာနေခြင်း မဟုတ်ဘဲ အာဏာရူး အာဏာလက်မဲ့ ဖြစ်သွားသူတွေရဲ့ ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်ဘေးဒဏ်ကို ပြည်သူအများ စိုးရိမ်ကြောက်ရွံ့နေကြရခြင်း ဖြစ်ပါတယ်။ မဲလိမ် မဲခိုးပြီး တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို အဓမ္မနည်းနဲ့ ရယူလိုသူတွေက ဥပဒေပြဋ္ဌာန်းချက်တွေကို ဘာတစ်ခုမှ မလိုက်နာဘဲ သူတို့ရဲ့ နောက်လိုက် ငမိုက်သားတွေကို အကြမ်းဖက်သမားများအဖြစ် အသုံးချပြီး သံဃာတော်များ၊ ဆရာ/ဆရာမများ၊ အပြစ်မဲ့ ပြည်သူများ သူတို့ပါတီအဖွဲ့အစည်းကို ထောက်ခံအားပေးခြင်း မရှိသူ မှန်သမျှကို ရက်စက်ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်နေကြခြင်းကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၅၀၀၀ ဝန်းကျင်အထိ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။


ပြည်ဖျက်မီဒီယာ ဧရာဝတီသတင်းဌာနက ကွန့်ပြီး ရေးသားထားပုံက "မြန်မာနိုင်ငံတွင် ဖက်ဆစ်စစ်တပ်သည် တိုင်းရင်းသားလူနည်းစုများနှင့် ရိုဟင်ဂျာများ အပါအဝင် မြန်မာပြည်သူပြည်သားများအပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများစွာ ကျူးလွန်ခဲ့ကြောင်း၊ ထို့အပြင် ဖက်ဆစ်စစ်တပ်အနေဖြင့် ၎င်းတို့ကျူးလွန်သည့် ရာဇဝတ်မှုများကို ရပ်တန့်ခြင်းမရှိဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားမဝင် စစ်အာဏာသိမ်းမှုကိုပင် ကျူးလွန်ခဲ့သလို တရားမဝင် စစ်အာဏာသိမ်းမှု (၂) နှစ်တာကြာမြင့်သည့် ကာလတလျှောက်တွင် လူမဆန်သောစစ်တပ်အနေဖြင့် ပြည်တွင်းတရားဥပဒေ စိုးမိုးရေးကို လုံးဝဥဿုံဖျက်ဆီးခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာပြည်သူများနှင့် ဒေသတွင်းအခြေအနေအပေါ် ကြီးလေးသော နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက အဆိုပါ အစည်းအဝေးတွင် ထည့်သွင်းပြောဆိုခဲ့တယ်" လို့ ဆိုပါတယ်။

ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေမှာ တပ်မတော် အာဏာထိန်းမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ အမှန်တရား တစ်ခုကို ချမပြရဲပါဘူး။ NLD ပါတီက ကျူးလွန်ခဲ့တဲ့ ကမ္ဘာကျော် မဲလိမ်မဲခိုး မှတ်တမ်းကြီးကို ချမပြဝံ့ပါဘူး။ အဓိက အချက်ကတော့ NLD အာဏာလက်မဲ့ ဖြစ်သွားခြင်း၊ တပ်မတော်က အာဏာထိန်းသိမ်းလိုက်ရခြင်းနဲ့ ဆက်စပ်မှု မရှိတဲ့ လူမျိုးလိမ် အသုံးအနှုန်းဟာလည်း သူတို့အတွက် ငွေပဒေသာပင်ကြီးပါပဲ။

မှတ်မှတ်ရရ ပြောရရင် ၂၀၂၁ ခုနှစ်အတွင်းမှာပဲ ဆန္ဒပြပွဲတွေ အရှိန်အဟုန်မြှင့်တင်ပြီး အမေရိကန်အစိုးရရဲ့ အကူအညီ ရဖို့၊ R2P ရဲ့ အကူအညီ ရဖို့ မျှော်လင့်နေချိန်မှာ  Sexy Model နန်းမွေစံ ကို အင်္ဂလိပ် ပြောခိုင်းပြီး အကူအညီ တောင်းတဲ့ ရုပ်သံမှာလည်း ကျော်မိုးထွန်း အထက်မှာ ပြောခဲ့တဲ့ စကားတွေအတိုင်းပါပဲ။  တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ဖို့ အသုံးချလို့ ရတဲ့သူ မှန်သမျှကို အသုံးချပါတယ်။ ဒီအထဲမှာ သူတို့အတွက် ငွေပဒေသာပင် ဖြစ်နေတဲ့ လူမျိုးလိမ် အသုံးအနှုန်းကြီး ပါဝင်နေခြင်းက နိုင်ငံရေးလုပ်စားသူတွေ နဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ သန္ဓေယုတ်ခြင်း ကို အတိအလင်း ဖော်ပြနေပါတယ်။ အဲဒီလို ပြည်ပအဖွဲ့အစည်းတွေရဲ့ သြဇာခံပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေခြင်းကြောင့်လည်း လမ်းဘေးကနေ ခွေးလိုဟောင်နေရတဲ့ အဆင့်ကို ရောက်ရှိသွားကြခြင်းဖြစ်ပါတယ်။

တကယ်တော့ ပြည်ပ သြဇာခံ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေ နဲ့ ပြည်ဖျက်မီဒီယာတွေ ဟာ တိုင်းပြည်မှာ ဒီမိုကရေစီ အမှန်တကယ် ရှင်သန်ထွန်းကားမှာကို မလိုလားကြပါဘူး။ တပ်မတော်ကို အာဏာသက်ဆိုးရှည်စေချင်သူတွေ ဖြစ်ပါတယ်။ တပ်မတော် အာဏာသက်ဆိုးရှည်မှသာ မဟုတ်မမှန် လုပ်ကြံဖန်တီး ဝါဒဖြန့်မှုတွေ လုပ်ဆောင်မယ်။ ဒါမှသာ မြန်မာပြည်ကို ပျက်စီးစေချင်တဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေဆီက ကူညီပံ့ပိုးမှုတွေ ရမယ်။ မြန်မာပြည်ကို လက်ညှိုးထိုး ရောင်းစားပြီး နိုင်ငံရေးလုပ်စားကြသူတွေ ဖြစ်ပါတယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေနဲ့ ပြည်ဖျက်မီဒီယာတွေ က နိုင်ငံတကာအထောက်အပံ့ကို ရယူပြီး မြန်မာနိုင်ငံကို ပြာပုံဘဝ ရောက်အောင် ဖန်တီးကြမှာပဲ ဖြစ်ပါတယ်။ ပြည်ဖျက်မိစ္ဆာတွေ က မြန်မာနိုင်ငံကို နိုင်ငံတကာ စီရင်မှုအောက် ရောက်အောင် R2P ကို တကျော့ပြန် တောင်းဆိုလာတဲ့ အချိန်အခါမှာ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ရှေးရှုဆောင်ရွက်နေကြတဲ့ နိုင်ငံရေးဦးဆောင်သူများနဲ့ မျိုးချစ်ပြည်သူများကလည်း ပြည်ဖျက်မိစ္ဆာတွေရဲ့ တကျော့ပြန် R2P မျှော်လင့်ချက်ကို ရိုက်ချိုးဖျက်ဆီးပစ်ရပါမယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)