ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ SIM Card များ မှတ်ပုံတင်ခြင်းဆိုင်ရာအသိပညာပေးခေါင်းစဉ်ဖြင့်Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ SIM Card များ မှတ်ပုံတင်ခြင်းဆိုင်ရာအသိပညာပေးခေါင်းစဉ်ဖြင့်Talk Show ပြုလုပ်


MNP  -  ဇန်နဝါရီ ၂၁

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုများအတွက်အသိပညာပေးခြင်းအစီအစဉ်များကိုစဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာယမန်နေ့ မွန်းလွဲ ၃ နာရီကSIM Card များ မှတ်ပုံတင်ခြင်းဆိုင်ရာ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခြင်းအစီအစဉ်ကိုမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre )တွင် ပြုလုပ်သည်။


အဆိုပါ အစီအစဉ်တွင် ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်ကTalk Show ပြုလုပ်ခြင်းပတ်သက်ရှင်းလင်းပြောကြားပြီး ပေါက်တောမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုန်းတာဝန်ခံ ဒေါ်စံစံဦးက SIM Card များ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးပြောကြားကြသည်။


အဆိုပါTalk Showအစီအစဉ်ကိုပေါက်တောမြို့နယ်ပြည်သူ့စာကြည့်တိုက်Facebook Pageနှင့်We Love Pauk Taw Facebook Pageတို့တွင်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း၊

ပြည်သူ့စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း နှင့် အသိပညာပေး (Talk Show ) အစီအစဉ်များရိုက်ကူးကာ ပေါက်တောမြို့နယ် Facebook Page တွင် တင်ဆက်ပေးလျက်ရှိသည့်အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းကာ အခမဲ့ငှားရမ်းပေးလျက်ရှိကြသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)