အမ်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ်


MNP -  ဇန်နဝါရီ ၁၀

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ ့နေ့လည်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုး သမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး(Talk Show) ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး(Talk Show) ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့်  ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းဦးက လူမှုရေးရာအပေါ်အခြေခံသော အကြမ်ဖက်မှု၊ အမျိုးသမီးများအပေါ် အကြမ်း ဖက်ခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဖြစ်ပွားရခြင်း အကြောင်းအရင်း၊ နောက်ဆက်တွဲ ဖြစ်စေနိုင်သော အကျိုးဆက်များ၊ အမျိုးသမီးများ အကြမ်းဖက်ခံရခြင်း ပတ်သက်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခြင်းများကို ဆွေးနွေးပြောကြားခဲ့သည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)