MNP - ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အရေပြားလေးဘက်နာရောဂါအကြောင်း အသိပညာပေး(Talk Show)ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်နှင်းဝေက ပြည်သူများအတွက် ကျန်းမာရေးနှင့်ပတ်သက်၍ အရေပြားလေးဘက်နာ ရောဂါအကြောင်း၊ ရောဂါလက္ခဏာနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ ကာကွယ်ရမည့် နည်းလမ်းများ၊ ပြည်သူအများသိရှိလိုက်နာသင့်သည့် အချက်အလက်များ၊ ကြုံတွေ့ရမည့်အခက်အခဲများကို ကြိုတင်သိရှိပြီး ကာကွယ်ကုသနိုင်ရေးအတွက် အသိပညာပေး (Talk Show)ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ကိုမင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment