MNP - ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ တောမီးနှင့်အခြားသော မီးလောင်ကျွမ်းမှုများကြောင့် ဖြစ်ပေါ်လာသော မီးခိုးမြူငွေ့ညစ်ညမ်းခြင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က မီးခိုးမြူငွေ့ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့နှင့် ဆိုးကျိုးသက်ရောက်မှုများ၊ Hotspot ၏ အဓိပ္ပာယ်များ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ကာကွယ်၊ လျှော့ချဖို့ ဆောင်ရွက်ရန်အချက်များကို မေးမြန်းဆွေးနွေးရာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီရိအောင်က လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ် စသည့် အမျိုးမျိုးဓာတ်ငွေ့အကြောင်းများ၊ စက်ရုံ၊ အလုပ်ရုံမှ ထွက်ရှိသည့် အခိုးအငွေ့များ၊ မီးခိုးမြူငွေ့ဆိုးကျိုးသက်ရောက်မှုများနှင့် ကာကွယ်လျှော့ချရန်နည်းလမ်းများကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment