MNP - ဇန်နဝါရီ ၂၅
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဦးနှင့်ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရေးတို့အတွက် မြို့ပေါ်ရပ်ကွက်(၇)ခုရှိ ထရန်စဖော်မာ ၁၄ လုံးမှ ၄၀၀ ဗို့အားလိုင်း ၁၀ မိုင်အား Insulated Cable များဖြင့်အစားထိုးလဲလှယ်ခြင်း၊ ဓာတ်အားခွဲရုံများအား ကြံ့ခိုင်မှုရှိစေရန်စစ်ဆေးခြင်း၊ ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်ကြသည်။
လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရေးအတွက် အဆိုပါကွင်းဆင်း လုပ်ငန်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝေကြည်
https://t.me/MyanmarNationalPost
No comments:
Post a Comment