ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ကျင်းပ


MNP  -  ဇန်နဝါရီ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ယနေ့မွန်းလွဲပိုင်းက  ကျင်းပသည်။                   


ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန် တက္ကသိုလ်)တို့က ကလေးအလုပ်သမားဆိုတာ ဘယ်သူတွေခေါ်တာလဲ၊ ကလေးအလုပ်သမားပပျောက်ရေးက ဘာကြောင့်အရေးကြီးတာလဲ၊ ကလေးအလုပ်သမားတွေကို အလုပ်ခိုင်စေတဲ့အခါ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ခိုင်းစေသင့်လဲ၊ အဆိုးရွားဆုံးပုံစံနဲ့ ခိုင်းစေခံရတဲ့ကလေးတွေကို အကာကွယ်ပေးထားတဲ့ ဥပဒေများအကြောင်းနှင့် ကလေးအလုပ်သမားများလျော့ချဖို့ ဆောင်ရွက်သင့်တဲ့နည်းလမ်းများ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် မိဘပြည်သူများလိုက်နာရမည့် အချက်များအကြောင်းကို ပညာပေးဆွေးနွေးခဲ့သည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ပုဗ္ဗသီရိမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။


သန္တာလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)