MNP - ဇန်နဝါရီ ၂၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေ ပြု ဗဟိုဌာနခန်းမတွင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနနှင့် ကျိုက်ထိုခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဇန်နဝါရီ(၂၀)ရက် မွန်းလွဲ(၂)နာရီ အချိန်က စားသုံးသူ ကာကွယ် ရေးဥပဒေနှင့်ကုန်ညွှန်းအမှတ်အသားအကြောင်းသိကောင်းစရာ Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြု လုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး Talk Show အစီအစဉ် ပြုလုပ်သည့်ရည်ရွယ်ချက် ကိုရှင်းလင်းပြောကြားပြီးစားသုံးသူ ရေးရာ ဦးစီးဌာနရဲ့အသစ်ထပ်မံပြောင်းလဲလိုက်တဲ့ဆောင်ပုဒ်၊မျှော်မှန်းချက်၊ရည်မှန်းချက်နဲ့လုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေ၊ကွင်းဆင်းစစ်ဆေးရာတွင်အဓိကထားစစ်ဆေးသည့်ထုတ်ကုန်များ၊စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်းအခြေအနေ၊ပြစ်မှုပြစ်ဒဏ်များအ ကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ ကြောင်းသိရသည်။
ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ် များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူ အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment